ကျွန်တော်post တွေမတင်ဖြစ်နေသေးတဲ့ခဏတာအချိန်အခိုက်အတန့်လေးအတွင်း ကျွန်တော့ရဲ့ blog လေးကိုဝင်ကြည့်ဖြစ်နေကြတဲ့သူငယ်ချင်းတွေကို တကယ်ကို အားနာမိပါရဲ့ဗျာ။
ကျွန်တော့အတွက်(သတင်းမျှဝေချင်သူတစ်ယောက်အနေနဲ့ )ကိုယ်ပိုင်အမြင်နဲ့ရေးချင်နေတဲ့ posts လေးတွေအတွက်အချက်အလက်လေးတွေရှာဖို့အခက်အခဲနဲ့ အခြားသော အကြောင်းအရာလေးတွေကြောင့်ချိန်သားမကိုက်ဘဲနှေင့်နှေးဖြစ်နေတာပါ။
အဲဒါကလည်း ကျွန်တော်ဆင်ခြေပေးတာပါ။ သူငယ်ချင်းများလည်းဆက်ပြီးတော့အားပေးကြပါဦး နော......
ဝင်ရောက်ကြည့်ရှု့ကြတဲ့သူငယ်ချင်းတွေကိုတကယ်ကိုကျေးဇူးတင်ပါတယ်ဗျာ။
ကိုယ်ပိုင်အမြင်နဲ့ posts တွေ ပြီးတော့ ဖြန့်ဝေချင်တဲ့သတင်းတွေကို နှေင့်နှေးမှုမရှိစေဖို့ update ဖြစ်ဖို့အတွက် သေချာပြင်ဆင်ထားနေပါပြီ။
အဲ...ဒါနဲ့ မတော်တဆအမှားတွေများပါခဲ့ရင် နားလည်မှုတွေသွေဖယ်တာမျိုးတွေဖြစ်ခဲ့ရင် နားလည်ပေးစေချင်ပါတယ်
ဝါသနာပါတဲ့အဆင့်မို့ အတတ်နုင်ဆုံးကြိုးစားပါ့မယ် ဆက်ပြီးတော့အားပေးကြပါဦးခင်ဗျာ linkရှယ်ပေးလို့ရင်
ရှယ်ပေးကြပါဦး (သဘောကြရင်ပေါ့) လို့ဝါသနာတူသူငယ်ချင်းများကိုအားနာနာနဲ့ပဲ ထပ်ဆင့်ပြောပါရစေ ။
သတင်းတိုများကိုတော့ ကျွန်တော့ facebookမှာ ရှယ်ပေးဖြစ်မှာပါ ။ FB account နဲ့ blog account မတူတဲ့အတွက်ကြောင့်တိုက်ရိုက်ရှယ်ဖိုအဆင်မပြေဖြစ်နေလို့ပါ။
ကျေးဇူးတင်လျက်
ကြည်မိုဃ်းဟန်(ပဒါန်း)
0 comments:
Post a Comment