Pages

Thursday, July 24, 2014

တောင်သူများရရှိထားသောလယ်ယာမြေများကို နိုင်ငံတော်အကျိုးငှာဖြစ်စေ  အများပြည်သူအကျိုးငှာဖြစ်စေ  အစိုးရမှ ပြန်လည်သိမ်းယူ နိုင်သည်။
(လျော်ကြေး  နစ်နာကြေး ပေးရမည်)
ဤကဲ့သို့သဘောတူညီချက်အတိုင်း မြေသိမ်းယူသည့်အခါတွင် အနည်းဆုံး ၄၈  နာရီ  နိုးဆော်စာပေးပြီးမှ သိမ်းယူရမည်။ လိုသလောက်သာ
သိမ်းယူရန်နှင့် သိမ်းယူမည့် ဧရိယာကို အများပြည်သူသိရှိအောင်ကြေညာရမည်။



 *****    လယ်ယာမြေအငြင်းပွားမှု့ကိုအမွေဆက်ခံမှု့မှလွဲ၍
      တရားရုံးတွင်ဖြေရှင်းနိုင်ခွင့်မရှိပါ။*****


***မိမိလယ်ယာမြေလုပ်ပိုင်ခွင့်ကို မှတ်ပုံတင်ရန်လိုအပ်သည်။***


မြေလွတ်မြေရိုင်း။   ။စိုက်ပျိုးမွေးမြူရေး  ကုန်ထုတ်လုပ်ငန်းအတွက်သော်လည်းကောင်းအခြားဖွံ့
ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက်သော်လည်းကောင်း
ဥပဒေအရသတ်မှတ်ထား၍လျောက်ထားရယူအသုံးချနိုင်သောမြေကိုဆိုလိုသည်။

မြေလွတ်။   ။သဘာဝအပင်ပေါက်ရောက်မှု့နည်းသောမြေ

မြေလပ်။    ။သီးစားချလက်ရှိလုပ်ကိုင်မှု့မရှိသောမြေ။

တောရိုင်း။  ။ကြိုးပြင်တော
စသည်တို့ပါဝင်ပါသည်။


                           လယ်ယာမြေအကြောင်းသိကောင်းစရာ
အသိပညာပေးစာစောင်မှ ကူးယူဖော်ပြပါသည်။
စာရေးသားပေးသူကိုလည်း Credit ပေးပါသည်။
အသိပညာမျှဝေချင်းသက်သက်သာဖြစ်ပါသည်။ဗ

                            Kyi Moe Han(Badan)

0 comments:

Post a Comment