စပိန်သတင်းစာ
El Mundo ကစပိန်နိုင်ငံအယ်ဘူဖယ်ရာဒေသရှိ လယ်သမားများသည် အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်လာမှု့နဲ့ပတ်သက်ပြီး စိုးရိမ်မှု့များကြီးထွားလာကြကြောင်း ယင်းလယ်သမားများသည် အရှ့တောင်အာရှမှဆန်တင်ပို့မှု့မြင့်မားလာမှု့မြင့်မားလာပြီးတစ်နှစ်တာအတွင်းဈေးနှုန်း (၁၅) ရာခိုင်နှုန်းခန့် ကမောက်ကမဖြစ်သွားခဲ့သည့်အပေါ်မကျေမနပ်ဖြစ်နေကြောင်းလွန်ခဲ့သော ငါးနှစ်အတွင်း မြန်မာနှင့်ကမ္ဘောဒီးယား နိုင်ငံများမှ ဥရောပသို့ ဆန်တင်ပို့မှု့ သိသိသာသာမြင့်တက်လာခဲ့ကြောင်း။
ဇူလိုင်လ ၈ ရက်နေ့ထုတ် အီတလီသတင်းစာတစ်စောင်ဖြစ်သော La Stampa က ဥရောပသမဂ္ဂ သည်လက်နက်မှအပ အကောက်ခွန်ငင်းလွတ်ရေးအစီစဉ်ကို ၂၀၁၁ ခုနှစ်တွင်ချမှတ်ခဲ့ကြောင်း အဆိုပါ သဘောတူညီချက်အရ မြန်မာနှင့်ကမ္ဘောဒီးယားတို့မှတင်သွင်းသည့်ဆန်အပေါ်ကောက်ခံသည့် သွင်းကုန်အခွန်ကို သုညအထိလျှေည့ချသဖြင့် အီတလီဆန်ထုတ်လုပ်မှု့တုန့်ဆိုင်းခွဲှ့ကြောင်း
ယခုအခါ အီတလီဆန်ထုတ်လုပ်သူများသည် ယင်းကိစ္စနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂ ကိုကန့်ကွတ်လျက်ရှိပြီး ဥရောပသမဂ္ဂ နိုင်ငံများမှ ဆန်ထုတ်လုပ်မှု့အား ပံ့ပိုးကူညီမှု့များပြုလုပ်ရန် တိုက်တွန်းလျက်ရှိကြောင်းစသည်ဖြင့်ရေးသားဖော်ပြသည်။
ဇူလိုင်လအတွင်း ၅ ရက်ခန့် ခြားပြီးပါလာတဲ့ မြန်မာ့အလင်းသတင်းစာနှစ်စောင် နိုင်ငံတကာမီဒီယာထဲမှ မြန်မာ့အကြောင်း ထဲမှကောက်နှုတ်ကူးယူဖော်ပြခြင်းပါ။
ကျွန်တော်တွေးမိတာက
ဖွံ့ဖြိုးပီးနိုင်ငံတွေ နဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများကြားက
တစ်ချို့သောအနေအထားပုံစံလေးကိုပါ
ဒီလိုပါ...
ဖွံ့ဖြိုးပီး နိုင်ငံတွေက စိုက်ပျိုးရေးထုတ်ကုန်တွေနဲ့ပတ်သက်ရင် သူတို့အစိုးရတွေက စိုက်ပျိုးထုတ်လုပ်သူတွေကို နိုင်ငံတကာပြိုင်ဆိုင်မှု့မှ ကာကွယ်ပေးထားကြပါတယ်။
အဲဒီလိုမျိုးလုပ်ဆောင်မှု့တွေက ဖွံ့ဖြိုးပီးနိုင်ငံတွေမှာ အပိုလျှံထုတ်လုပ်မှု့တွေဖြစ်စေပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့စိုက်ပျိုးထုတ်လုပ်မှု့တွေကိုလျှော့ကျသွားစေပါတယ်။
ရှင်းရှင်းပြောရ ရင်စိုက်ပျိုးထုတ်လုပ်မှု့တွေ နဲ့ပတ်သက်ပြီး အစိုးရထောက်ပံ့မှု့အားနည်းတဲ့ နည်းပညာအားနည်းပြီးဖွံ့ဖြိုးမှု့နိမ့်ကျတဲ့နိုင်ငံတွေက လယ်သမားတွေကိုတိုက်ရိုက်သက်ရောက်စေတယ်လိုလည်းထိမိတယ်ခင်ဗျ။
ပြီးတော့ ဖွံ့ဖြိုးပီးနိုင်ငံတွေမှာက လုပ်ဆောင်မှု့ အားထုတ်မှု့ နည်းပါးပြီး နည်းပညာ တွေ ဓါတုပစ္စည်းတွေ သုံးပြီး မြေဆီလွှာတွေနဲ့ အခြားသောသဘာဝအနေအထားတွေယုတ်လျှောပျက်စီးစေတဲ့ စိုက်ပျိုးထုတ်လုပ်မှု့တွေ ရှိနေဖို့ကများတဲ့အတွက်
Ecology ကို ထိခိုက်မှု့တွေဖြစ်စေမှာပါ။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေကလယ်ယာမြေလုပ်ငန်းခွင်လယ်သမားတွေ အတွက်ကျ အားထုတ်ရမှု့ပိုများ ရင်းနှီးမှု့ပိုများပြားနေတဲ့လယ်ယာမြေတွေမှာ မြေဆီမြေသားထိန်းသိမ်းမှု့တွေကပိုကောင်းနေစေသေးတဲ့အတွက် စိုက်ပျိုးထုတ်ကုန်တွေကို ဈေးပိုပေးပြီးတင်သွင်းသင့်ပါတယ်။( ဖွံ့ဖြိုးပီးနိုင်ငံတွေအတွက်)
နောက်ဆက်တွဲအနေနဲ့ ရှိပြီးသားလယ်ယာမြေတွေကနေ အကျိုးအမြတ်ခိုင်မာနေစေတဲ့အတွက် သစ်တောမြေတွေကိုခုတ်ထွင်ပြီးလယ်ယာမြေချဲ့ထွင်မှု့ကိုလည်း အတော်အသင့်လျော့ချစေမယ်လို့လာ်းမြင်မိပါတယ်
ဒါကြောင့် ရေရှည်မှာသဘာဝပတ်ဝန်းကျင်ထိခိုက်မှု့ကိုလည်း အတိုင်းအတာတစ်ခုအထိကာကွယ်ပြီးသားဖြစ်နေပါ့မယ်။
အချုပ်ပြောရရင် စက်မှု့ဖွံ့ဖြိုးပီး နိုင်ငံတွေအနေနဲ့ နည်းပညာတွေသုံး ဓါတုပစ္စည်းအလွန်အကျွံ့သုံးပြီးစိုက်ပျိုးထုတ်ကုန်တေတွထုတ်လုပ်နေတဲ့စနစ်ကိုပြင်ဆင် နိုင်ငံတကာမှာ မမျှတတဲ့ ယှဉ်ပြိုင်မှု့မျိုး ( unfair competition with nations )ကိုလျှောချပြီး အမှန်တကယ်အကျိုးရှိစေတဲ့ မျှတတဲ့ ယှဉ်ထားသင့်ပါတယ်လို့ ထင်မြင်မိကြောင်းရေးသားတင်ပြလိုက်ရပါသည်။
(ကိုးကား:;Our Common Future;
Food Security:Sustaining the Potential and
Lecture notes)
Kyi Moe Han(Badan)
0 comments:
Post a Comment