ခု ကျွန်တော်ရေးမဲ့အကြောင်းအရာလေးကိုတော်တော်များများကလည်းသိပြီးသားဖြစ်နေနိုင်ပါတယ်
ဒါပေမဲ့ သတင်းလေးတစ်ခုအနေနဲ့ မျှဝေပါရပါစေအုန်းခင်ဗျားးးးးးးးးး
"The difference between fact and fiction is that fiction must be believable"
Mark Twain
ကျွန်တော်တို့တစ်တွေ ဖတ်ရှု့မိနေကြတဲ့ internet ပေါ်ကအကြောင်းအရာတိုင်းဟာ အမှန်မဟုတ်ပါဘူးဆိုတာပါပဲတဲ့။
ဥပမာအားဖြင့်တော့ အပျော်တမ်းပညာရှင်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက ဖန်တီးထားကြတဲ့ လက်ရှိ တရားဝင် website တွေကိုပြောတာပေါ့။
နောက်ပြီး websites လိပ်စာတွေ ဟာ ဘာနဲ့အဆုံးသတ်ထားတာလဲ?
Eg:: .gov , .edu , .biz , .org , .net or .com
အဲဒါတွေထဲက ဘယ်ဟာနဲ့ ဆုံးနေတာလည်းဆိုတာကအရေးကြီးပါတယ်တဲ့ဗျာ
ဘာကြောင့်လဲဆိုတော့ အဲဒီအဆုံးသတ်လေးတွေနဲ့ပတ်သက်ပြီး ဒီလိုရှိပါတယ်တဲ့။
ယေဘုံယျအားဖြင့်တော့
.edu နဲ့ဆုံးသတ်တဲ့ website တွေဟာ educational
institutions( ပညာရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းတွေ ဌာနတွေမှဖြစ်ပြီး
အဲဒီ site က အကြောင်းအရာတွေက ယုံကြည်စရာအဖြစ်ဆုံးပါပဲတဲ့ ဗျာ။
.gov နဲ့ ဆုံးသတ်ထားတဲ့ website တွေကတော့ အစိုးရနဲ့ပတ်သက်နေတဲ့ site တွေပါ။
အစိုးရတစ်ရပ်ရဲ့ ကောက်ယူပြုစုထားတဲ့စာရင်းအင်းအချက်အလက်တွေနဲ့ အခြားသောအစိုးရတွေဆီကရှိထားတဲ့အချက်အလက်တွေဖြစ်နိုင်ပါတယ်
ဒါပေမဲ့ ဖတ်ရှု့သူတွေကို လူတွေကို ဘက်လိုက်တတ်အောင်လုပ်ဆောင်ထားတတ်လို့
သတိပြုရပါမယ်တဲ့။
.org နဲ့ဆုံးသတ်ထားတဲ့ website တွေကတော့
ငွေကြေးအကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတွေကိုရည်ညွှန်းပါတ်တဲ့
ဆိုလိုတာကတော့ ငွေကြေးအကျိုးအမြတ်ယူတဲ့အဖွဲ့အစည်းတွေနဲ့စာရင်တော့ပိုယုံကြည်စရာပါပဲတဲ့ဗျားး
.biz (သို့) .com နဲ့ အဆုံးသတ်တဲ့ sites တွေကတော့ တစ်စုံတစ်ခုကို အကျိုးအမြတ်ယူရောင်းချဖို့ပါပဲတဲ့
ဒါကြောင့် အဲဒီ sites တွေကအချက်အလက်တွေက ကျွန်တော်တို့ ခင်ဗျားတို့ကို အဲဒါနဲ့ကတ်သက်တဲ့ အဲဒီကတစ်ခုခုကိုဝယ်ယူချင်အောင် တွန်းအားပေးတိုက်တွန်းစွဲဆောင်နိုင်ပါတယ်ဆိုတာပါပဲ ဗျာ။
ဒါပေမဲ့လည်း
ဘယ်လို site မျိုးကိုပဲ သုံးသုံးပါ ဂရုတစိုက်သုံးရင်အဆင်ပြေပါတယ် ကိစ္စမရှိပါဘူးဗျာ
စာတမ်းနဲ့ သတင်းတင်ပြသူတွေ သတင်းရယူသူတွေဟာ
သတင်းတစ်ခုသေချာဖို့အတွက် site ရင်းမြစ် သုံးခုလောက်နဲ့ သေချာစေ ကြတယ် comfirm လုပ်ကြတယ်ဆိုတာပါပဲဗျာ
ဒါကြောင့် ပိုအရေးကြီးပိုသေချညရမဲ့ဖြစ်ရပ်မျိုးဆိုပို ဂရုစိုက်နိုင်ပြီးပိုအဆင်ပြေစေလိုကြောင်းရည်ရွယ်ပြီး
ဘာသာပြန်ပေးလိုက်ရပါတယ်ခင်ဗျာ။
Kyi Moe Han (Badan)
Extraordinary
Oral Presentations
By Margaret Ryan ရဲ့ စာအုပ်မှ
ကောက်နှုတ်ဘာသာပြန်ထားပါသည်။
0 comments:
Post a Comment