Sunday, December 1, 2013
အရိုးသားဆုံးဖြောင့်ချက်
ထစ်ခနဲဆိုပေါက်
မြွေဟောက်လိုလည်းပဲ
မိုက်မဲတတ်သူမဟုတ်...။
ထိလျင်တန်ပြန်ဆိုးကျိုးပေးမဲ့
မြွေပွေးလိုပုံခိုင်း
ရိုင်းစိုင်းတတ်သူမဟုတ်..။
သာလျင်မနာလို
ဝန်တိုအနောက်အယှက်ပေးမဲ့
မြေခွေးလိုဆိုးညစ်
ကောက်ကျစ်တတ်သူမဟုတ်....။
မြင်သမျှလန့်ဖြတ်
ထောင့်ကပ်ကာတုန်နေမဲ့
ယုန်လိုသွေးကြောင်တတ်သူမဟုတ်။
ဒုက္ခဆိုးကျိုးများ
မညည်းတွားပဲခေါင်းဆောင်
ကျေက်ဆောင်လိုခံနိုင်ရည်အားထုတ်...။
မြေကြီးလိုကျင့်ကြံ
သည်းခံခြင်းတရားနဲ့
နေထိုင်သွားဖိုအားထုတ်...။
မွှေးကြိုင်တဲ့ပန်းရနံလို
သင်းပျံ့သောဂုဏ်သတင်းနဲ့
လောကအတွင်းနေနိုင်ဖိုအားထုတ်
အားထုတ်ခြင်းများစွာနဲ့
သတ္တ၀ါအပေါ်မေတ္တာထား
လူသားအားလုံးကိုညှာတာ
စာနာခြင်းစိတ်ဓာတ်နဲ့
မြင့်မြတ်စွာနေသွားမဲ့လူ....။
အေသွဏ်မိုဃ်း
(ပခုက္ကူမြို့တိလောကရာမကျောင်းတိုက်၊ပဓာနနာယကဆရာတော်
မြိုနယ်ဘ/ကကြီးကြပ်ရေးအဖွဲ့ဥက္ကဌ
ဘဒ္ဒန္တပညာဝံသ
မဟာသဒ္ဓမ္မဇောတိကဓဇ
( ဂုဏ၀ိသိဌပူဇာမင်္ဂလာအထိမ်းအမှတ်စာစောင်)
မှကူးယူဖော်ပြသည်။
kyi Moe Han(Badan)
0 comments:
Post a Comment