Dec,2014 အထိ တစ်နှစ်အတွင်း facebook သုံးစွဲသူ9 သိန်းလောက်တိုးများလာတာကြောင့် မြန်မာမှာ Facebook သုံးစွဲသူဦးရေဟာ 3 သန်းကျော်သွားပါပြီတဲ့ဗျာ။ ဒါပေမဲ့ အဲဒီသုံးစွဲနေတဲ့သူ 3 သန်းမှာ အမှန်တကယ်အကျိုးရှိရှိသုံးစွဲသူက 6 သိန်းကျော်ပဲရှိတာတဲ့။ ဘာဖြစ်လို့လဲဆိုရင် အများစုက facebook ရဲ့အားသားချက် အားနည်းချက်တွေကိုမသိရှိပါဘူးတဲ့။
အဆိုပါစစ်တမ်းအရ;;;
အသုံးပြုသူအများစုမှာ အသက် 20-30နှစ်တွေဖြစ်ပြီး
အဲဒီထဲက လေးပုံသုံးပုံက mobile phone tablets များသုံးပြုပီးသုံးစွဲနေကြကြောင်း
အများစုက ညနေ ၅ နာရီကနေ နံနက်ခင်း၂ နာရီအထိဖြစ်ကြောင်းပါတဲ့ဗျာ။
စိုးရိမ်စရာကောင်းတာက သုံးစွဲသူအားလုံးရဲ့ ၁၃-၁၅ % လောက်က အသက် ၁၈ နှစ်အောက်တွေဖြစ်နေတယ် မြန်မာနိုင်ငံမှာရှိတဲ့ ၁၈ နှသ်အောက်ကလေး ၄၂၀၀၀၀ ကျော်က Fb သုံးစွဲကြပါတယ်တဲ့။အဲဒီအနေအထားတွေဟာ သက်ငယ်ပစ်မှတ်ထားဆိုက်ဘာပြစ်မှု့ကျူးလွန်မှု့အန္တရာယ်တွေကိုစိုးရိမ်ဖွယ်ရာတွေ့လာနေရလို့ သူတို့တွေရဲ့မိဘတွေအနေနဲ့ မျက်ခြေပြတ်မခံစောင့်ကြည့်ပေးဖို့လိုအပ်ကြောင်းဆိုပြီးတော့ Facebook Myanmar မှ တာဝန်ရှိသူ ကိုနေလင်းရှိန်ကပြောကြားသွားပါတယ်ဆိုပြီး
6.Jan ထုတ်မြန်မာ့အလင်းသတင်းစာပါသတင်းကိုကောက်နှုတ်ရှယ်ပေးလိုက်ပါသည်။
Monday, January 26, 2015
Wednesday, January 21, 2015
Green Eye 3
မတ်လ ၁၅ ရက်မှ စက်တင်ဘာ ၁၅ ရက်နေ့အထိကာကွယ်ထားသော သားငှက်တိရစ္ဆာန်များ
ငှက်- ခါငှက်မျိုး- ဥသြ
-ငုံးငှက်မျိုး -ရွေပြည်စိုး
အဲဒါနဲ့ပတ်သက်ပြီး မြန်မာ့အလင်းသတင်းမှ အကြောင်းအရာလေးကို ရှယ်ပေးပါရစေ...
Jan,18 ကမ္ဘာပေါ်မှာ မျိုးသုံးပျောက်ကွယ်ဖို့ ခြိမ်းခြောက်ခံနေရတဲ့ငှက်မျိုးစိတ်တွေကို သုံးမျိုးခွဲခြားထားပါတယ်တဲ့ဗျာ
1. နောင် ၅ နှစ်အတွင်း မျိုးသုန်းပြောက်ကွယ်ဖို့ 50% သေချာတဲ့ ငှက်မျိုးစိတ် ၉ မျိုး။
2. နောင် နှစ် ၂၀ အတွင်း 20%မျိုးသုန်းပြောက်ကွယ်ဖို့သေချာတဲ့ငှက်မျိုးစိတ် ၁၂ မျိုး ။
3. နောင်နှစ် ၁၀၀ အတွင်း မျိုးသုန်း ပျောက်ကွယ်ဖို့ 10% သေချာတဲ့ ငှက်မျိုးစိတ် ၂၈ မျိုးခန့် ရှိပါတယ်ဆိုပြီးတော့ဖြစ်ပါတယ်။
အဲ မြန်မာနိုင်ငံအနေနဲ့ကလည်း
မြန်မာမှာပဲတွေ့ရတဲ့ဒေသရင်းငှက်မျိုးစိတ် ခြောက်မျိုးအနက် မြန်မာနိုင်ငံအလယ်ပိုင်း ၊ တောင်ပိုင်းနှင့်အနောက်ပိုင်းတို့တွင် တွေ့ရသည့် နဖားကြူး အမြီးဝိုင်းမျိုးစိတ် နှင့် ချင်းပြည်နယ် နတ်မတောင်ဒေသတွင်တွေ့ရသည့် မျက်လုံးဖြူ ငှက်ပြာခြောက်မျိုးစိတ်တို့မှာ ယခုအခါ မျိုးသုန်းမှု့ ခြိမ်းခြောက်ခံရလုနီးပါး အန္တရာယ် ရှိနေကြောင်း ဆိုပြီးတော့ပြောသွားပါတယ်။
ပြီးတော့ ဒါကို ထိန်းသိမ်းဖို့ လိုအပ်လျက်ရှိပါတယ်ဟုလည်း " ငှက်သုတေသနနှင့်ထိန်းသိမ်းရေးမန်နေဂျာ ဇီဝ မျိုးစုံနှင့်မျိုးကွဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဒေါက်တာ သီရိဒေဝီအောင်က ပြောကြား
ဆိုပြီးပဲဖြစ်ပါတယ်ဗျာ။
18 ,Jan ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ကူးယူဖော်ပြပါသည်။
Kyi Moe Han(Badan)

Tuesday, January 20, 2015
Happy 2015s
2015,january 1 ရက်နေ့ မှာဘာမှမတင်ဖြစ်လိုက်မိလို့ 2015 ရဲ့ ပထမဆုံးလအစမှာပဲ စာဖတ်ရှု့မိကြသူ လူကြီးမိဘ သူငယ်ချင်းတွေအကျိုးတစ်စုံတစ်ရာကို ရည်မှန်းလျက်..,
ထိုပင်ငုတ်တို ၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်
ဓါးထစ်လည်းခံ ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက် ၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်-
ရွက်ဟောင်းညှာကြွေ ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ၊ ငယ်ရုပ်ဆင်သည်
အသင်ယောက်ျားကောင်းတကား။
မင်းသုဝဏ်(၁၉၀၉-၂၀၀၄)
11.1.1949
ကဗျာလေး အရမ်းနှစ်သက်မိလို့ပါ
သဘာဝတရား ရဲ့အလှ ထဲက ယူထားတဲ့
ဘဝအားမာန်လေးလို့ထင်မြင်မိပါကြောင်း......