နိုင်ငံတော်အကျိုးနှင့်အများပြည်သူအကျိုးအတွက်သိမ်းယူသောလယ်ယာမြေများနှင့် ယင်းလယ်ယာမြေများပေါ်တွင်အဆောက်အအုံဖြင့်တိုးတက်ကောင်းမွန်အောင်ပြုပြင်ထားခြင်းများအပါအဝင် မူလလယ်ယာမြေလုပ်ပိုင်ခွင့်ရှိထားသူဆောင်ရွက်သည့်ကိစ္စရပ်များအတွက်နစ်နာမှုမရှိစေရန် လျော်ကြေးရရှိစေရန်နှင့် အခြားနည်းလမ်းဖြင့်စီမံဆောင်ရွက်ပေးခြင်းတို့ကိုသက်ဆိုင်ရာကပြုလုပ်ပေးနိုင်စေရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ကလိုအက်သလိုညှိနှိုင်းဆောင်ရွက်ပေးမည်' ဟုဖော်ပြထားပါသည်။
ယင်းအချက်မှာ မူရင်းဥပဒေပုဒ်မ-၂၆တွင်ပြဌာန်းထားခြင်းဖြစ်ကြောင်းတွေ့ရှိနိုင်သည်။ သို့ရာတွင် ပုဒ်မမ-၂၇ တွင်'ပုဒ်မ-၁၇(ဃ)အရ
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ကိုလည်းကောင်း လယ်ယာမြေကိုလည်းကောင်းပြည်လည်ရုပ်သိမ်းခံရသူသည်လျော်ကြေးရထိုက်ခွင့်မရှိစေရ'ဟုကန့်သတ်ပိုင်းခြားထားသဖြင့် သိမ်းယူခြင်းကိစ္စရပ်အားလုံးတွင်လျော်ကြေးပေးမည်မဟုတ်ကြောင်းသိရှိထားဖို့လိုပါမည်။
ပြီးတော့'လယ်ယာမြေဆိုတာဘာတွေလဲ' ခေါင်းစဉ်ပါလယ်ယာမြေဖွင့်ဆိုချက်နှင့်ယင်းအောက်တွင်ဖြည့်စွတ်တင်ပြချက်များပါ မြေနုကျွန်း မြေနှင့်ပတ်သက်သောအချက်များအပြင် မူရင်းဥပဒေပုဒ်မ-၁၀ တွင်'ဤဥပဒေပုဒ်မ-၄ ၅ ၆ ၇ ၈ ၉တို့ပါပြဌာန်းချက်များအရမြေနုကျွန်းနှင့်ပတ်သက်ပြီးလယ်ယာမြေလုပ်ပိုင်ခွင့်လျောက်ထားခြင်းပြုလုပ်၍မရသကဲ့သို့
အထက်တွင်ဖော်ပြထားသည့်လယ်ယာမြေလုပပိုင်ခွင့်ရှိသူ၏အခွင့်အရေးများကိုလည်းရှိမည်မဟုတ်သည်ကိုလည်းထပ်မံဖြည့်စွတ်တင်ပြလိုသည်။
(ဆန်းလွင်ဦးရေးသားသည့် "မြေယာစီမံခန့်ခွဲရေး"ဆိုသည့်စာအုပ်မှ တိုက်ရိုက်ကိုက်ရိုက်ကူးယူဖော်ပြချက်ဖြစ်ပါသည်
မှတ်ချက်။ ။သတင်းသက်သက်သာမျှဝေလိုခြင်းဖြစ်၍ အပြည့်အစုံသိလိုလျင် အဆိုပါစာအုပ်တွင်ဖတ်ရှု့နိုင်ပါသည်။
Kyi Moe Han(Badan)
Friday, January 17, 2014
ပန်ကြားခြင်း
ကျွန်တော်post တွေမတင်ဖြစ်နေသေးတဲ့ခဏတာအချိန်အခိုက်အတန့်လေးအတွင်း ကျွန်တော့ရဲ့ blog လေးကိုဝင်ကြည့်ဖြစ်နေကြတဲ့သူငယ်ချင်းတွေကို တကယ်ကို အားနာမိပါရဲ့ဗျာ။
ကျွန်တော့အတွက်(သတင်းမျှဝေချင်သူတစ်ယောက်အနေနဲ့ )ကိုယ်ပိုင်အမြင်နဲ့ရေးချင်နေတဲ့ posts လေးတွေအတွက်အချက်အလက်လေးတွေရှာဖို့အခက်အခဲနဲ့ အခြားသော အကြောင်းအရာလေးတွေကြောင့်ချိန်သားမကိုက်ဘဲနှေင့်နှေးဖြစ်နေတာပါ။
အဲဒါကလည်း ကျွန်တော်ဆင်ခြေပေးတာပါ။ သူငယ်ချင်းများလည်းဆက်ပြီးတော့အားပေးကြပါဦး နော......
ဝင်ရောက်ကြည့်ရှု့ကြတဲ့သူငယ်ချင်းတွေကိုတကယ်ကိုကျေးဇူးတင်ပါတယ်ဗျာ။
ကိုယ်ပိုင်အမြင်နဲ့ posts တွေ ပြီးတော့ ဖြန့်ဝေချင်တဲ့သတင်းတွေကို နှေင့်နှေးမှုမရှိစေဖို့ update ဖြစ်ဖို့အတွက် သေချာပြင်ဆင်ထားနေပါပြီ။
အဲ...ဒါနဲ့ မတော်တဆအမှားတွေများပါခဲ့ရင် နားလည်မှုတွေသွေဖယ်တာမျိုးတွေဖြစ်ခဲ့ရင် နားလည်ပေးစေချင်ပါတယ်
ဝါသနာပါတဲ့အဆင့်မို့ အတတ်နုင်ဆုံးကြိုးစားပါ့မယ် ဆက်ပြီးတော့အားပေးကြပါဦးခင်ဗျာ linkရှယ်ပေးလို့ရင်
ရှယ်ပေးကြပါဦး (သဘောကြရင်ပေါ့) လို့ဝါသနာတူသူငယ်ချင်းများကိုအားနာနာနဲ့ပဲ ထပ်ဆင့်ပြောပါရစေ ။
သတင်းတိုများကိုတော့ ကျွန်တော့ facebookမှာ ရှယ်ပေးဖြစ်မှာပါ ။ FB account နဲ့ blog account မတူတဲ့အတွက်ကြောင့်တိုက်ရိုက်ရှယ်ဖိုအဆင်မပြေဖြစ်နေလို့ပါ။
ကျေးဇူးတင်လျက်
ကြည်မိုဃ်းဟန်(ပဒါန်း)