Pages

Wednesday, January 21, 2015

Green Eye 3

မတ်လ ၁၅ ရက်မှ စက်တင်ဘာ ၁၅ ရက်နေ့အထိကာကွယ်ထားသော သားငှက်တိရစ္ဆာန်များ

ငှက်- ခါငှက်မျိုး- ဥသြ
     -ငုံးငှက်မျိုး -ရွေပြည်စိုး

အဲဒါနဲ့ပတ်သက်ပြီး မြန်မာ့အလင်းသတင်းမှ အကြောင်းအရာလေးကို ရှယ်ပေးပါရစေ...

Jan,18  ကမ္ဘာပေါ်မှာ  မျိုးသုံးပျောက်ကွယ်ဖို့ ခြိမ်းခြောက်ခံနေရတဲ့ငှက်မျိုးစိတ်တွေကို သုံးမျိုးခွဲခြားထားပါတယ်တဲ့ဗျာ
1. နောင် ၅ နှစ်အတွင်း မျိုးသုန်းပြောက်ကွယ်ဖို့ 50% သေချာတဲ့ ငှက်မျိုးစိတ် ၉ မျိုး။
2. နောင် နှစ် ၂၀ အတွင်း  20%မျိုးသုန်းပြောက်ကွယ်ဖို့သေချာတဲ့ငှက်မျိုးစိတ် ၁၂ မျိုး ။
3.  နောင်နှစ် ၁၀၀ အတွင်း မျိုးသုန်း ပျောက်ကွယ်ဖို့ 10% သေချာတဲ့ ငှက်မျိုးစိတ် ၂၈ မျိုးခန့် ရှိပါတယ်ဆိုပြီးတော့ဖြစ်ပါတယ်။

 အဲ မြန်မာနိုင်ငံအနေနဲ့ကလည်း
မြန်မာမှာပဲတွေ့ရတဲ့ဒေသရင်းငှက်မျိုးစိတ် ခြောက်မျိုးအနက် မြန်မာနိုင်ငံအလယ်ပိုင်း ၊ တောင်ပိုင်းနှင့်အနောက်ပိုင်းတို့တွင် တွေ့ရသည့်   နဖားကြူး အမြီးဝိုင်းမျိုးစိတ် နှင့် ချင်းပြည်နယ် နတ်မတောင်ဒေသတွင်တွေ့ရသည့် မျက်လုံးဖြူ ငှက်ပြာခြောက်မျိုးစိတ်တို့မှာ ယခုအခါ မျိုးသုန်းမှု့ ခြိမ်းခြောက်ခံရလုနီးပါး အန္တရာယ် ရှိနေကြောင်း ဆိုပြီးတော့ပြောသွားပါတယ်။
ပြီးတော့ ဒါကို ထိန်းသိမ်းဖို့ လိုအပ်လျက်ရှိပါတယ်ဟုလည်း " ငှက်သုတေသနနှင့်ထိန်းသိမ်းရေးမန်နေဂျာ ဇီဝ မျိုးစုံနှင့်မျိုးကွဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ဒေါက်တာ သီရိဒေဝီအောင်က ပြောကြား
ဆိုပြီးပဲဖြစ်ပါတယ်ဗျာ။


                 18 ,Jan ထုတ် မြန်မာ့အလင်းသတင်းစာမှ ကောက်နှုတ်ကူးယူဖော်ပြပါသည်။

               Kyi Moe Han(Badan)

0 comments:

Post a Comment