Damselfish 'garden' Algae
Dameselfish ဆိုတဲ့ငါတစ်မျိုးဟာ ရေညှိတွေကို စိုက်ပျိုးပြီး ထိန်းသိမ်းစောင့်ရှောက်ကာ ရေညှိနဲ့လုပ်တဲ့ ဥယျာဉ်တွေဖန်တီးလေ့ရှိကြောင်း သိရပါတယ်...
Name::::Damselfish(Stegastes nigricans)
Variation::::diverse gardening system across the Indo-West-Pacific region
Most common algae they can eat::::the red algae, Polysiphonia
ဒီ Damselfish ငါးလေးတွေကို Gardening behavior ရှိတဲ့ ငါလေးတွေလို့ ခေါ်ကြပါတယ်တဲ့ဗျာ။
သူတို့က သူတို့လိုချင်တဲ့ ရေညှိပင်လေးတွေ စိုက်ပျိုးဖို့ ကောင်းမွန်တဲ့ မြေဆီမြေသား(sites) ကိုတောင်မှအပြိုင်ရွေးချယ်လေ့ရှိတာပါ...
ပြီးတော့ သူတို့ရဲ့စိုက်ခင်းကို ပေါင်းသင်ရှင်းလင်းသေးတာတဲ့ဗျ weeding ပေါ့ဗျာ ဟဲဟဲ...
(desire species) လိုချင်တဲ့ အပင်မျိုးပဲချန်ထားပြီး ကျန်တဲ့ အပင်တွေ နဲ့အကောင်ငယ်တစ်မျိုးကိုလည်း မောင်းထုတ်ဖယ်ရှားတာမျိုးလုပ်တယ်
သူတို့ရဲ့ ရေညှိခင်းကို လုယက်ဖျက်ဆီးသူများရဲ့ ရန် နဲ့ အခြားအကြမ်းဖက်သမားတွေရဲ့ ရန်မှလည်းကာကွယ်ပေးသေးတာလို့ လည်းပါတယ်ရယ်...
ဒါကို Research လုပ်တဲ့ ဦးဆောင်သူ Hata က "ဒါဟာ ပင်လည်ရေညှိ (marine algae) နဲ့ Damselfish လေးတွေကြားက အပြန်အလှန်ဆက်နွယ်ပတ်သက်နေတဲ့ "Cultivation Mutualism" ပါပဲဆိုပြီး သုတေသနရလဒ်နဲ့ ပတ်သက်ပြီးပြောသွားတယ်။
ပြီးတော့ ဒါဟာ သုတေသနဆောင်းပါး(research article)တစ်ခုပါ အဲဒါကို ဘာသာပြန်ထားတာကြောင့်...
research article ထဲက တစ်ချို့ကိုကောက်နှုတ်ပေးပါရစေ.,
ဒီ Damselfishလေးတွေဟာ red algae လေးတွေကို စိုက်ပျိုးထိန်းသိမ်းပြီးဥယျာဉ်လေးလုပ်ထားကြတာမှာကိုက
ဒီ red algae လေးတွေဟာ ပေပါက်ရောက်ရှန်သန်ဖို့ခက်ခဲပါတယ်တဲ့ဗျာ
ပြီးတော့ သူတို့ဟာ အခြားအခြားသော algae တွေကို တော်တန်ရုံ ယှဉ်မ fight နိုင်ကြဘူး(နေရာနဲ့ ရှင်သန်န်ုင်ခွင့်မှာပေါ့)
အဲဒါက ဒီDamselfish ငါးလေးတွေက weeding လုပ်ပေးရတာကို ပေါ်လွင်စေတယ်လေ
ဆိုလိုတာက အခြား algae တွေကို ဖယ်ရှားပစ်တာပါ။
အခြားစာစောင်တစ်ခုမှာက
ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရေးထားချက်အရ သတင်းကိုဘာသာပြန်သူ share ပေးသူက အနုပညာအမြင်ရှု့ထောင့်ကနေ တင်ပြပေးထားပါသေးတယ်ဗျာ
ဒီလိုပါ"""ဒီ Damselfish လေးတွေရဲ့ အပင်စိုက်ပျိုးပြီး ဥယျာဉ်တည်ထောင်သူ လေးတွေ အနုပညာဆန်လှပါတယ် ဒါဟာ လူသားတွေတင်မကဘဲ တိရိစ္ဆာန်လေးတွေအနေနဲ့လည်းအနုပညာရှိတယ်ဆိုတာလေးကို သူ့အမြင်အနေနဲ့ဖော်ပြထားခဲ့သလို သဘာဝတရားနဲ့ဆက်စပ်မှု့တွေနဲ့ သက်ရှိနဲ့ သဘာဝတရားဟာ """"ကိုင်ကျွန်းမှီ ကျွန်းကိုင်မှီ""" ဖြစ်လို့ သဘာဝကိုချစ်ခင်ထိန်းသိမ်းစေဖို့ ဆိုပြီးအစိမ်းရောင်စာမျက်နှာတစ်ချပ်အဖြစ်ရေးသားဖော်ပြထားပါသေးတယ်ဗျာ။
ဒါလေးကိုဖတ်မိပြီး
ဒီ Damselfish လေးတွေတောင်မှ အပင်လေးတွေကိုဥယျာဉ်လေးဖြစ်အောင်စိုက်ပျိုးထိန်းသိမ်းပြီး တည်ဆောက်ထားပြီးသူတို့ကိုမှီခိုစားသောက်နေနေခဲ့တာမှာ သူတို့မှီခိုတဲ့ အပင်ငယ်လေးတွေကို ကာကွယ်ထိန်းသိမ်းပးခဲ့ကြတာပါ
ဟုတ်ကဲ့ ကျွန်တော်တို့ လူသားတွေကရော
လူသားဆိုတာလည်း အပင်တိရိစ္ဆာန် သဘာဝတရားတွေနဲ့ ကိုင်းကျွန်းမှီကျွန်းကိုင်းမှိ ရပ်တည်မှ နေထိုင်ရှင်သန်နိုင်တဲ့ ကမ္ဘာမြေပေါ်က သတ္တဝါတစ်မျိုးပါ။
ဒါကြောင် မိမိတို့ မှီခိုနေထိုင်ရှင်သန်ဖက် (အပင် တိရိစ္ဆာန်နဲ့ သဘာဝတရားတွေကိုကာကွယ်စောင့်ရှောက်ပေးသင့်တယ်လိုထင်မြင်မိတယ်ဆိုတဲ့ Message လေးရမှိလို့ ဒီ Damselfish လေးတွေရဲ့စိတ်ဝင်စားစရာ သတင်းလေးကို Share ပေးလိုက်မိပါတယ်ဗျာာာာ...
ဒါနဲ့
အဲဒီလို ထိန်းသိမ်းတဲ့ဖြစ်စဉ်တွေကျယ်ပြန့်လာရင် mutualismပေါ့ဗျာ ပိုပြီး benefits အကျိုးရှိလာမှာသေချာတယ်။
Ref;:;;;; Research article; Geographic variation in the damselfish-red alga cultivation mutualism in the Indo-West-Pacific by ( Corresponding author:: Hiroki Hata )(Ehime University, Japan)
:;;;;;BMC Evolutionary Biology (Journal)
::;;;;Health Digest Vol.(9),No.(6) (Journal)
တို့မှကောက်နှုတ်ကူးယူဘာသာပြန်ကြည့်ပြီးသတင်းလေးအနေနဲ့ Share ပေးလိုက်ပါတယ်ဗျာ။
Kyi Moe Han
(Badan)
Wednesday, April 8, 2015
Thursday, April 2, 2015
April,2.
March လထဲမှာ share ပေးချင်ခဲ့တာ
အမျိုးမျိုးသောအကြောင်းတွေကြောင့် နောက်ကျပြီးမှ တင်ဖြစ်ခဲ့ရပေမဲ့ မဖတ်ရသေးတဲ့သူတွေအတွက်ရည်ရွယ်ထားသလို
သစ်တောတက္ကသိုလ်ကျောင်းသားတစ်ယောက်အနေနဲ့ ဂုဏ်ယူစွာဖြင့် လေးစားစွာ share ပါရစေဗျာ...
""အမျိုးသားပညာရေးနှင့်ပတ်သက်၍သဘောထားအမြင်တင်ပြပန်ကြားချက် ""
ပညာရေးကိုကမ္ဘာနှင့်အဝှမ်းအထူးအလေးထားဆောင်ရွက်နေကြသောယနေ့ကာလတွင် ပြည့်စုံကောင်းမွန်သော အမျိုးသားပညာရေးဥပဒေတစ်ရပ်ချမှတ်ဖောဆောင်နိုင်ရေးကို နိုင်ငံတိုင်းက ကြိုးပန်းဆောင်ရွက်နေကြပါသည်။ မြန်မာနိုင်ငံတွင်လည်းပညာရေးကိုမြှင့်တင်ရန် ရည်ရွယ်၍ အမျိုးသားပညာရေးဥပဒေကိုရေးဆွဲအတည်ပြုခဲ့ပြီးဖြစ်ပါသည်။မည့်သည့်အရာမျှပြီးပြည့်စုံခြင်းမရှိနိုင်သော လောကဓမ္မတာအရ ထိုဥပဒေသည်လည်း အားလုံးကရာနှုန်းပြည့် သဘောတူညီနိုင်မည့်ဥပဒေမျိုးဖြစ်မလာခဲ့သည်မှာသဘာဝကျပါသည်။
မည်သို့ပင်ဖြစ်စေ မည်သည့်အရာကိုမဆို ပိုမိုကောင်းမွန်အောင် လူသားတို့ ဆောင်ရွက်နိုင်သည်သည်သာဖြစ်ပါသည်။ ကောင်းသည်ထက်ကောင်းအောင်ကြိုးစားခြင်းသည် လူ့ဗီဇသဘောဟုဆိုနိုင်ပါသည်။ သို့ဖြစ်ရာ ကျွန်တော်တို့ ၏အမျိုးသားပညာရေးဥပဒေကိုလည်း အများကလက်ခံနိုင်မည့်ပိုမိုပြည့်စုံသည့်ပြဌာန်းချက်ဖြစ်လာအောင် မလုပ်ဆောင်နိုင်စရာအကြောင်းမရှိဟု ကျွန်တော်ရိုးသားစွာ ယုံကြည်မိပါသည်။
အများသဘောညီအောင်ဆောင်ရွက်ရသည့်အလုပ်မှာ မလွယ်ကူသကဲ့သို့ အချိန်တိုအတွင်းပြီးမြောင်ရန်ခဲယဉ်းလှသည်ကိုအားလုံးအသိပင်ဖြစ်ပါသည်။ သက်ဆိုင်သူများအားလုံးက ရိုးသားမှု့ စိတ်ရှည်သည်းခံမှု့ သဘောထားကြီးမှု့ မတူခြားနားခြင်းကိုနားလည်လက်ခံနိုင်မှု့ အပြန်အလှန်ယုံကြည်မှု့တို့ကိုကိုင်ဆွဲကာ မလျော့သောဇွဲဖြင့်ညှိနှိုင်းဆွေးနွေးခြင်းကသာလျင် အများကလိုလားလက်ခံနိုင်မည့်ရလဒ်ကောင်းက်ုဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါသည်။
ယှဉ်ပြိုင်မှု့ပြင်းထန်လှသောယနေ့ကမ္ဘာ ကြီးတွင်ကျွန်တော်တို့(အထူးသဖြင့် ကျွန်တော်တို့လူငယ်မျိုးဆက်တို့) အတွက် ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရန် ပညာလိုပါသည်။ ပိုင်းခြားဝေဖန်တတ်ပြီးအညာမခံရစေရန်ပညာလိုပါသည်။ စိတ်အလိုက်လိုက်ပြီး အညှာမလွယ်မိစေရန်ပညာလိုပါသည်။ ထိုအတွက် ထိုက်သင့်သောရင်းနှီးမြှပ်နှံမှု့လိုအပ်ပါသည်။ ထိုက်သင့်သောအားထုတ်မှု့လိုအပ်ပါသည်။ထိုက်သင့်သောအချိန်လိုအပ်ပါသည်။ ထိုက်သင့်သောအေးချမ်းတဘ်ငြိမ်မှု့လိုအပ်ပါသည်။
သဘောထားကွဲလွဲမှု့များ ရှိကြမည်ဖြစ်သော်လည်း ကျွန်တော်တို့၏ပညာရေးကိုကောင်းစေလိုသောဆန္ဒမှာအားလုံးသဘောညီကြသည့်အချက်ဖြစ်ပါသည်။ထိုအချက်ကိုကိုင်စွဲ၍ ညှိနိုင်းဆွေးနွေးကြရပါမည်။ ပညာရေးကောင်းမွန်လာစေရေးအတွက် အမျိုးသားပညာရေးဥပဒေသည် ကနဦးခြေလှမ်းတစ်လှမ်းမျှသာဖြစ်ပါသည် ရှေ့တွင်ဆက်လက်၍ လျှောက်လှမ်းရမည့်လမ်းက ရှည်လျားစွာရှိနေပါသေးသည်။ ဥာဏ်ပညာနှင့်မယှဉ်ဘဲ စိတ်ခံစားမှု့ကိုသာရှေ့တန်းတင်နေပါက ကျွန်တော်တို့ မျှောမှန်းသောပန်းတိုင်မှာ မျော်လေတိုင်းဝေးဖြစ်နေပါဦးမည်။
ကျွန်တော့သဘောထားအမှန်ကိုရိုးသားစွာတင်ပြခြင်းသာဖြစ်ပါသည်။ တစ်စုံတစ်ဦး တစ်ဖက်တည်းကိုသာရည်ရွယ်တင်ပြခြင်းမဟုတ်ဘဲ သက်ဆိုင်သူအားလုံးသို့ ပန်ကြားခြင်းဖြစ်ပါသည်။ ကျွန်တော်တန်ဖိုးထားချစ်ခင်ရသောလုပ်ဖော်ကိုင်ဖက် ဆရာဆရာမ များ ကျောင်းသားကျောင်းသူများ ဝန်ထမ်းများ အခြေခံအားဖြင့် ကျွန်တော်နှင့်သဘောဘီကြမည်ဟုယုံကြည်ပါသည်။
အပြစ်မြင်အပြစ်တင်ကြမည်ဆိုလျင်လည်း ကျွန်တော်ကျေနပ်စွာခံယူရုံသာရှိပါတော့သည်။
ပါမောက္ခချုပ် ၊ သစ်တောတက္ကသိုလ်၊ ရေဆင်း
၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်။
ဖေဖော်ဝါရီ ၁၇ ထုတ်မြန်မာ့အလင်းသတင်းစာမှ တိုက်ရိုက်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။
လေးစားစွာဖြင့် သတင်းမျှဝေခြင်းဖြစ်ပါသည်။