အခုရေးမဲ့စာစုလေးကရေးထားဖြစ်တာတော်တော်ကြာသွားပြီခင်ဗျ။ မတင်ဖြစ်ပဲ အကြောင်းအရာလေးပြည့်စုံအောင်ဆက်ပြီးစောင့်နေခဲ့မိတာမို့ပါ
အခုရေးတဲ့အကြောင်းအရာလေးတွေနဲ့ပတ်သက်ပြီးအားနည်းချက်တွေရှိကောင်းရှိနေခဲ့နိုင်မှာပါ။ဒါပေမဲ့ ဒီစာစုလေးကသဘာဝတရားနဲ့သဘာတောရိုင်းဝန်းကျင်ကိုအထောက်အကူဖြစ်စေမလား(နည်းနည်းပဲဖြစ်ဖြစ်ပေါ့ဗျာ)အဲဒါနဲ့ သဘာဝပတ်ဝန်းကျင်ကိုချစ်တဲ့လူငယ်တစ်ယောက်ရဲ့အတွေးအမြင်လေးအဖြစ်ရပ်တည်ကိုယ်စားပြုပေးပြီး သေချာသုတေသနပြုထားတဲ့ကျွမ်းကျင်မှု့တွေမပါနိုင်မှု့အစစတွေကြောင့်ကျွန်တော့ရဲ့အမြင်တိမ်းစောင်းနေခဲ့ရင် ကျွန်တော့မှာ သဘာဝပတ်ဝန်းကျင်/ဇီဝမျိုးစုံမျိုးကွဲတွေရေ ရှည်တည်တန့်စေလိုတဲ့အကြောင်းတစ်ခုတည်းသာရှိပါသည်ဟု ဦးစွာပထမဝန်ခံထားပါရစေခင်ဗျ။
(စာဖတ်သူတစ်ယောက်ရဲ့ရှု့ထောင့်မှ ဝင်ကြည့်၍အတတ်နိုင်ဆုံးရေးသားလိုက်ရပါသည်။)စကားချပ်။ ။
ကျွန်တော်တို့နိုင်ငံရဲ့သဘာဝရင်းမြစ်တွေကိုထိန်းသိမ်းကြပါစို့လိုအော်နေကြတာတော်တော်လေးကျယ်ပြန့်လာနေပြီဖြစ်သလို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကိုတန်ဖိုးထားလာတဲ့ဖြစ်စဉ်ရောင်နီပျိုးတဲ့အဆင့်ကိုကျော်လွန်လာပြီဆိုတာကျွန်တော်တို့မြန်မာနိုင်ငံမှာ သေချာဖို့ အကြောင်းအရာတစ်ချို့ကိုကျွန်နော်ဆွေးနွေးကြည့်ပါရစေ........
ဟုတ်ကဲ့ အဲဒီတစ်ချို့အကြောင်းအရာအဖြစ်
ECOTOURISM ကို ပဲတွေးမိထားတယ်ဗျာ။ပြီးတော့ အဲဒါနဲ့ပတ်သကပြီး ကျွန်တော့အမြင်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာ ထိန်းသိမ်းကြောင်းအဖြစ်ထုတ်ပြချင်တာမို့ နားလည်နိုင်မှု့အားနည်းကောင်းအားနည်းနေခဲ့ရင် နားလည်ပေးစေချင်ပါတယ်ခင်ဗျာ။ ။
ECOTOURISM :;ဆိုတဲ့သဘာဝကိုအခြေခံတဲ့ခရီးသွားလုပ်ငန်းဆိုတာဟာ ECOLOGY :;ဆိုတဲ့ သဘာဝဂေဟဗေဒကိုအခြေခံတဲ့စီးပွားလုပ်ငန်းတစ်ခုပါပဲ
ရှင်းရှင်းပြောရရင် ecology ရဲ့ services တွေထဲကတစ်ခုပါ။ပြီးတော့ " သဘာဝကိုအခြေခံတဲ့ခရီးသွားလာမှု့လုပ်ငန်းဟာသေချာတဲ့စီးပွားရေးအကျိုးအမြတ်ကိုပေးတယ်" ဆိုတာပါပဲ ပြီးတော့ အဲဒါဟာ နိုင်ငံတော်တော်များများရဲ့ အဓိကဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်လာနေ/ဖြစ်နေတယ်ဆိုတာပါပဲဗျာ။
ECOTOURISM:::;Nature tourism provide considerable economic benefits and is a vital source of income for many countries ဆိုတာပါပဲ။( Ref: TEEB).
ecotourism ဆိုတာ ecology ရဲ့ service တစ်ခုဖြစ်တယ်တဲ့ ဒါကြောင့် ecotouism ကျယ်ပြန့်ခိုင်မာလာရင် နိုင်ငံရဲ့ income ငလည်းခိုင်မာ
လာမှာပဲပေါ့။
ဒီလိုဆိုရင် ecotourism ကျယ်ပြန့်ခိုင်မာဖို့အတွက် ecology (ဂေဟဗေဒ) ကိုကျယ်ပြန့်ရင်းနှီးလာအောင်လုပ်ရမယ်လို့ထင်တာပါပဲ။(စကားချပ်။ ။ ecotourism နဲ့ နိုင်ငံရဲ့အဓိကဝင်ငွေရှိတဲ့ နိုင်ငံ အချို့ရဲ့စစ်တမ်းအရ
သဘာဝကိုအခြေခံတဲ့ခရီးသွားလုပ်ငန်းဟာ ပြည်သူတွေရဲ
ဝင်ငွေကိုတိုင်ရိုက်တိုးတက်ရှိစေတယ်ဆိုတာပါပဲ)
ထပ်ပြီးဆက်စပ်ကြည့်ပါရစေ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးမြင်တဲ့မူအရရော ပတ်ဝန်းကျင်ထိန်းသိမ်းမှု့အမြင်အရ သတင်းစာတွေ ဂျာနယ်တွေမှာ Educate ပညာပေးတာတွေကလည်းထိရောက်လွန်းပါရဲု့။အဲဒီကနေပဲ ပတ်ဝန်းကျင်ဇီဝမျိုးစုံမျိုးကွဲတွေကို
ကျွန်တော်တို့ရဲ့ဂေဟဗေဒ စနစ်ကြီးကိုထိန်းသိမ်း
အဲဒီအထိလွယ်ကူတာအမှန်ပါပဲ။
အဲဒီဂေဟစနစ် သစ်တောသစ်ပင်တွေ ကျေးငှက်သားရ မြစ်ချောင်းအင်းအိုင် မြေမျက်နှာသွင်ပြင်အလိုက် နေထိုင်မှု့ပုံစံအမျိုးမျိုး နဲ့သူတို့ရဲ့အချိတ်အဆက်တွေ ဆက်နွယ်ပတ်သက်မှု့တွေ။
အဲဒီအချိတ်အဆက် ဆက်နွယ်ပတ်သက်မှု့ အပါအဝင်ဖြစ်နေတဲ့ ကျွန်တော်တို့လူသားတွေရဲ့ မတန်တဆ တာဝန်ယူမှု့ကင်းနေတဲ့ လူမှု့စီးပွားပြသာနာတွေက အဲဒီအချိတ်အဆက်ကိုတစ်တိတိနဲ့ အသုံးချဖျက်ဆီးသွားစေခဲ့တာ မမြင်ချင်ယောင်ဆောင်နေလို့မရလောင်အောင် ကျွန်တော်တို့မျက်စိရှေ့ကို ရောက်နေပါပြီ။
သာဓကအနေနဲ့ 1995 လေက်မှာကိုပဲ
အပင်နဲ့တိရိစ္ဆာန်မျိုးစိတ်ပေါင်း1800ကျော်ကမရှိတော့ပါဘူးပြီးတော့ကမ္ဘာနဲ့အဝှမ်းမှာလှပပြီးရှားပါတဲ့ကျေားငှက်ကောင်ရေ ငါးသန်းခန့် ကိုတောတောင်တွေထဲကနေ နှစ်စဉ် ဖမ်းဆီးပြီးရောင်းချနေကြတယ်တဲ့(Ref::;သဘာ ပတ်ဝန်းကျင်ချစ်ခင်သူများ၏ရင်ထဲမှာ::::: ဒေါက်တာဇော်မြင့်နီ)
ပြီးတော့တောင်အမေရိကတိုက်ဟာ နှစ်စဉ်ကျေးငှက်ကောင်ရေ အကြီးမားဆုံးအရောင်းအဝယ်ဖြစ်နေတဲ့ဈေးကွတ်ကြီးတစ်ခုပါပဲတဲ့( ဒါတွေကလွန်ခဲ့ ၈ နှစ် ၉ နှစ်လောက်က အချက်အလက်တွေပါ)(Ref:::internet source)
စကားချပ်။ ။ ဒါတွေက ကျွန်တော်တို့လူသားတွေ သဘာဝဂေဟစနစ်ကြီးကို တစ်တိတိ ဖြစ်ဆီးနေတဲ့ ဥပမာကိုဖော်ပြပေးတဲ့အကျဉ်းပါ အခု အဲဒါကိုထိန်းသိမ်းဖို့နဲ့ ecotourism ကြားက relation ကိုပြန်ဦးတည်ပါရစေ)
အခုက တကယ်မြေပြင်လုပ်ဆောင်ချက်အတွက်အရေးအမြင်ပါ
ဟုတ်ပြီ အဲဒီ ထိန်းသိမ်းမှု့တွေ အတွက် တကယ်ကိုငွေကြေးလိုအပ်ပါတယ်ဆိုတာပါပဲ ခဏတာအတွက်မဟုတ်တဲ့ အမြဲထောက်ပံ့နိုင်ဖို့လိုလာပါပြီ ပြီးတော့အဲဒီထိန်းသိမ်းမှု့တွေလုပ်မဲ့ ဧရိယာတစ်ဝိုက်ကဒေသခံတွေရဲ့ လူမှု့စီးပွား(Socio economic ) မှာ အဲဒီလုပ်ဆောင်ထိန်းသိမ်းမှု့တွေက အတားအဆီးတွေဖြစ်လာပီဆိုရင် စိန်ခေါ်မှု့တွေ စတင်ဖြေရှင်းရတော့မယ်
အဲဒါက အဲဒီဒေသခံတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းကိုတစ်ပါတည်းဖန်တီးတွက်ချက်ရမယ်ဆိုတဲ့ မရှိမဖြစ်အဓိကအချက်ပါ။
အကျိုးအမြတ်စတင်မလည်ပတ်မှီနဲ့ ရင်းနှီးမြုပ်နှံ့မှု့ တွေစတင်မှု့ အကြားမှာ အဲဒီထိန်းသိမ်းရေးနဲ့ ဒေသတစ်ဝိုက်ဒေသခံတွေရဲ့အလုပ်အကိုင်အခွင့်အလလမ်းမှု့မှာအထောက်အပံ့ဖြစ်စေဖို့ဆိုရင် ECOTOURISM လို့ခေါ်တဲ့ သဘာဝကိုအခြေခံတဲ့ခရီးသွားလာရေးလုပ်န်းသာလျင် ယခုအတွက်ရော နောင်အတွက်ပါ ရေရှည်ထောက်ပံ့ ထိန်းသိမ်းမှုဖြစ်စေမှာပဲလို့ကျွန်တော်ယူဆမိတယ်ခင်ဗျ။
ဘာကြောင့်လဲ?
နောက်ထပ်စိန်ခေါမှု့တွေ ပြီးတော့ ecotourism ရဲ့ရေရှည်ထောက်ပံ့နိုင်စွမ်း တွေ့ကြုံရလာနိုင်တဲ့ အခက်အခဲ နဲ့ side effects တန်ပြန်သက်ရောက်မှု့တွေ
နဲ့ သဘာဝပတ်ဝန်းကျင်ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ဆက်စပ်မှု့အလားအလာကို ဆက်လက်ပြီးဖောပြသွားပါအုန်းမည်။
ကြည်မိုဃ်းဟန်(ပဒါန်း)
25.7.2014
11:35pm
0 comments:
Post a Comment