2015,january 1 ရက်နေ့ မှာဘာမှမတင်ဖြစ်လိုက်မိလို့ 2015 ရဲ့ ပထမဆုံးလအစမှာပဲ စာဖတ်ရှု့မိကြသူ လူကြီးမိဘ သူငယ်ချင်းတွေအကျိုးတစ်စုံတစ်ရာကို ရည်မှန်းလျက်..,
ထိုပင်ငုတ်တို ၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်
ဓါးထစ်လည်းခံ ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက် ၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော်-
ရွက်ဟောင်းညှာကြွေ ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ၊ ငယ်ရုပ်ဆင်သည်
အသင်ယောက်ျားကောင်းတကား။
မင်းသုဝဏ်(၁၉၀၉-၂၀၀၄)
11.1.1949
ကဗျာလေး အရမ်းနှစ်သက်မိလို့ပါ
သဘာဝတရား ရဲ့အလှ ထဲက ယူထားတဲ့
ဘဝအားမာန်လေးလို့ထင်မြင်မိပါကြောင်း......
0 comments:
Post a Comment